ငာ့ ထိပ်တန်းတောင်ကိုရီးယားမင်းသမီးတစ်လက်ဖြစ်သလို မြန်မာပရိသတ်တွေရဲ့အချစ်ကိုလည်းရရှိထားပါတယ်။အဆိုတော်၊သရုပ်ဆောင် ရိန်းနဲ့လက်ထပ်ပြီးနောက် ကလေးနှစ်ယောက်ကိုလည်း မွေးဖွားခဲ့ပါတယ်။ပရိသတ်ရှေ့ကိုမထွက်ပေါ်လာသေးတာ (၅)နှစ်ခန့်ကြာနေခဲ့ပါပြီ။

 

ထူးခြားလှပလွန်းတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားသလို ရုပ်ရှင်ဇာတ်ကားကောင်းများစွာကိုထွက်ရှိထားတဲ့ ကင်တေးဟီကိုတော့ ပရိသတ်တွေကလွမ်းနေခဲ့ကြတာပါ။အခုဆိုရင်တော့ အနုပညာလှုပ်ရှားမှုတွေကိုမြင်တွေ့ချင်တဲ့ ပရိသတ်တွေအတွက်တော့ ဝမ်းသာစရာပါပဲ။
စိတ်ကူးယဉ်ဆန်ဆန်ဒရမ်မာဇာတ်လမ်းတစ်ပုဒ်မှာ မင်းသမီးကတော့ အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်တော့မှာပါ။

ဇာတ်ကားနာမည်က “Hi Bye,Mama!” ဖြစ်ပြီးတော့ မိခင်တစ်ယောက်ရဲ့ဘဝအကြောင်းကိုအဓိကရိုက်ကူးထားတာပါ။အက်စီးဒင့်တစ်ခုကြောင့်သေဆုံးသွားပြီး ခင်ပွန်းနဲ့သမီးဖြစ်သူအနားမှာ သရဲအဖြစ်နဲ့(၄၉)ရက်ရှိနေတဲ့ အကြောင်းကိုရိုက်ကူးထားတာပါ။စိတ်ဝင်စားစရာကောင်းတဲ့ ဒီဇာတ်ကားကိုတော့ tvN ရုပ်သံလိုင်းကပြသမှာဖြစ်ပြီး (၂၀၂၀)နှစ်လယ်လောက်မှာပြသမှာဖြစ်ပါတယ်။ဒီအေကြောင်းကိုတော့ ဒီနေ့မှာအတည်ပြုလိုက်ပြီဖြစ်ပါတယ်နော်…။