အိုင်ရင်းဇင်မာမြင့်ကတော့ မယ်လိုဒီဝေါလ်သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်စတင်သတိပြုမိခဲ့သူဖြစ်ပြီး အားကောင်းပြီးထူးခြားတဲ့အသံကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်ရင်ထဲမှာ အခိုင်အမာနေရာတစ်ခုနဲ့ရပ်တည်လာနိုင်ခဲ့သူတစ်ယောက်ပါ။ လက်ရှိအချိန်ထိ တစ်ကိုယ်တော်အခွေတွေနဲ့အတွဲခွေတွေထွက်ရှိထားပြီး “နှလုံးသားအရင်းအနှီး” သီချင်းလေးကတော့ အိုင်ရင်းနဲ့ခွဲမရအောင် တစ်သားတည်းဖြစ်ခဲ့တဲ့သီချင်းတစ်ပုဒ်လို့ဆိုရမှာပါ။

အမြဲတက်ကြွပျော်ရွှင်နေတဲ့ အိုင်ရင်းကတော့ ပြိုင်ပွဲဝင်ဘဝကတည်းက ရင်းနှီးချစ်ခင်ခဲ့ရတဲ့ အဆိုတော်ကောင်းကောင်းနဲ့ ပြတ်စဲမှုအပြီးမှာတော့ စိတ်ဓာတ်ကျခဲ့ကာ ပြန်လည်နလန်ထူနိုင်ဖို့အတတ်နိုင်ဆုံးကြိုးစားခဲ့ရသူတစ်ယောက်ပါ။ စိတ်အားငယ်တတ်တဲ့သူဖြစ်တာမို့လည်း မကြာခဏဆိုသလိုငိုလေ့ရှိပြီး ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကိုလည်း တောင်းခံလေ့ရှိသူတစ်ယောက်ပါ။ အိုင်ရင်းကတော့ မနေ့ကလည်း ငိုကြွေးနေခဲ့ပြန်ပါတယ်။ “တခါတလေ မွန်းကြပ်လေတော့ ဘယ်သူ့ကိုမှမရည်ရွယ်ဘဲ လူသူမသိ ကြိတ်ငိုလိုက်ပြီး မျက်ရည်သုတ်ပြီးမှ သတိထားမိပါရဲ့…ဘယ်သူမှ ငါမျက်ရည်ကျတာမသိဘူးမှတ်တယ်…ခေါင်းအုံးလေးတော့ သိသွားပြီ” ဆိုပြီးရေးသားကာမျှဝေခဲ့တာပါ။

ပရိသတ်ရဲ့အချစ်တော်အိုင်ရင်းကတော့ စိတ်အားငယ်ပြီးငိုခဲ့ရတဲ့အချိန်တွေ ဘယ်လောက်တောင်များနေပြီလဲမသိဘူးနော်…ပရိသတ်ရဲ့အချစ်တွေနဲ့သာ အားတင်းပြီးရှေ့ဆက်နိုင်မှာမို့ အိုင်ရင်းကိုအားပေးလိုက်ကြပါဦးနော်။