ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၆)ရက်နေ့ကနေစတင်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ ရုံတင်ပြသနေတဲ့ “ချည်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တဲ့ ဇာတ်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။အိမ်ထောင်ရှင်တွေကြားမှာ ဖြစ်ပေါ်လေ့ရှိတဲ့ သုံးပွင့်ဆိုင်အိမ်ထောင်ရေးပြဿနာနဲ့ မတူညီတဲ့ ဖြေရှင်းပုံကို ရိုက်ကူးထားတာကြောင့်လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတော်တော်လေးကို ရရှိထားတာပါ။

 

သို့ပေမဲ့လည်း “ချည်”ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ပရိသတ်တွေမသိသေးတဲ့ လျှိုဝှက်ချက်တစ်ခုရှိနေခဲ့ပါတယ်။ပရိသတ်တော်တော်များများကတော့ ဒီဇာတ်ကားကြီးကို ကြည့်ရှုပြီး ဒီလို အခြေအနေမျိုးကြုံတွေ့လာခဲ့ရင် “မူရာ”လို သဘောထားကြီးကြီးနဲ့ အနစ်နာခံ ဖြေရှင်းနိုင်ပါ့မလားဆိုပြီး မေးခွန်းထုတ်နေကြရတဲ့ ဒီဇာတ်ကားကြီးဟာ စိတ်ကူးယဉ်သက်သက် ပုံဖော်ဖန်တီးထားတဲ့ ဇာတ်လမ်းမျိုးမဟုတ်ခဲ့ပါဘူး။လွန်ခဲ့တဲ့ အနှစ် (၂၀)လောက်က အနုပညာလောကမှာ အောင်မြင်စပြုနေတဲ့ အိမ်ထောင်သည်အမျိုးသားတစ်ယောက်ကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုပါ။ကာယကံရှင်အမျိုးသားဟာ လက်ရှိအချိန်မှာတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေဆဲဖြစ်ပါတယ်။

 

ပရိသတ်တွေ မျက်ရည်ကျခဲ့ရတဲ့ ဒီဇာတ်လမ်းကြီးဟာ တကယ့်အပြင်မှာ ကြုံတွေ့ခဲ့ရချိန်မှာတော့ ကာယကံရှင်တွေဟာ ဇာတ်လမ်းထဲကထက်ကို အစပေါင်းများစွာပိုပြီး နာကျင်ခံစားခဲ့ရပါတယ်။CeleGabar ပရိသတ်ကြီးရေ ဇာတ်ကားကြီးထဲမှာပါဝင်တဲ့ “မူရာ”လို မိန်းကလေးမျိုးက အပြင်လောကမှာ တကယ်ရှိခဲ့ပါတယ်နော်။