မြန်မာအိုင်ဒေါလ် Season 2 ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ မိုင်းမိုင်ဆိုင်းဟာ မြန်မာအိုင်ဒေါလ် Season 3 ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ဖြိုးမြတ်အောင်တစ်ယောက် ကွင်းထဲဝင်ကြည့်ခွင့်မရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖြိုးမြတ်အောင်ကို ဝေဖန်တဲ့ post တွေတင်ခဲ့မိတာနဲ့ ပတ်သက်ပြီး ပြန်လည်တောင်းပန်လိုက်ပြီဖြစ်ပြီး အချင်းချင်း ပြေလည်မှုရရှိသွားကြပြီလို့ သိရပါတယ်။ သူတို့နှစ်ဦးပြေလည်သွားပြီဆိုတဲ့အကြောင်းကိုတော့ မိုင်းမိုင်ဆိုင်းက သူမရဲ့ ဖေ့ဘုတ်မှာ အပြန်အလှန်ပြောဆိုထားတဲ့ SS တွေ တင်ခဲ့တာဖြစ်ပါတယ်။

 

မိုင်းမိုင်ဆိုင်းက သူမရဲ့ ဖေ့ဘုတ်မှာ ” ကိုယ်ပါမိတဲ့အတွက်ရော အမှန်တွေပြောမိတဲ့အတွက်ရော နာမိတဲ့အတွက်ရောအရင်ဆုံးသူ့ကိုသွားတောင်းပန်ပါလိုက်ပါတယ်နော်… အဆင်ပြေသွားပါပြီနော် လိုအပ်သလောက်ဘဲ ss တင်ပေးလိုက်ပါတယ်နော် ကျန်တဲ့စာတွေက ကာယကံရှင်ရဲ့ သိက္ခာအတွက်ရော ထိခိုက်မယ့်သူများ မှာမို့ရော ဆဲကြဆိုကြ နဲ့ပြီးမှာမဟုတ်တဲ့အတွက် မတင်တော့ပါဘူးနော်.. အမှန်ကစစတင်မိတဲ့ post တစ်ခုတည်းနဲ့ထားလိုက်မလို့ပါ ကျနော့်ကို သာမကကျနော့ဘက်ကcmt ဝင်ရေးသူတွေကိုပါphတွေ/ msg တွေတရစပ်ပို့/ သူတို့လူမှန်ရဲ့သားနဲ့ဆိုပြီးမိုက်ရိုင်းစွာခြိမ်းခြောက် ပြောဆိုတာတွေကြောင့် ခုလောက်ထိလုပ်လာရတာပါ” လို့ ပြောထားတာပါ။

 

“ကျနော်တို့ပါမိတဲ့အရာကိုလည်း အမှားတစ်ခုလုံး မပြီးဆုံးသွားစေချင်လို့ပါ နားလည်ပေးပါနော်… Fan တွေကိုလည်း နားလည်ပါတယ်… ဒါပေမဲ့တစ်ခုဘဲ ပြောချင်တာ ဘုမသိဘမသိ ဝင်ယောင်ပြီး အားပေးခြင်းက ကိုယ့် idol ကိုပိုသိက္ခာကျစေတယ် ပိုထိခိုက်စေပါတယ်၊ တကယ်ချစ်ရင်အမှားမခံနဲ့အမှန်ကိုစုံစမ်းပြီး ကာကွယ်ပေးကြတာပိုချစ်ရာရောက်ပါတယ်နော်… ကျနော်တို့ idolမောင်နှမတွေသာမက idol team မိသားစုကြီးတစ်ခုလုံးအဆင်ပြေချင်ပါတယ်.. ဒီလိုပြေလည်သွားပြီးတာတောင် ကျနော်တို့ကို ဖောင်းထု သိက္ခာချ မိုက်ရိုင်းစော်ကားနေဦးမယ်ဆိုရင် ကျနော်တို့ဘက်က မဲစရာ ညေးဖြိုး ဘဲရှိတာမို့အချင်းချင်းဆင်ခြင်ပေးဖို့မေတ္တာရပ်ခံပါတယ်နော်.. ခြိမ်းချောက်တာမဟုတ်ပါဘူးနော် မောင်နှမတွေ တကယ်အဆင်ပြေသွားပြီမို့ ဘေးစကားကြောင့် data တွေ cctv record တွေ ချပြရတာမျိုးမဖြစ်ချင်လို့ပါ…Peace” လို့လည်း မိုင်းမိုင်ဆိုင်းက ဆိုထားပါသေးတယ်။

 

ဖြိုးမြတ်အောင်ဟာ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲကြည့်ရှုခွင့် လက်မှတ်ပါပေမယ့် ဝင်ခွင့်မရခဲ့တာကြောင့် ရှက်စိတ်နဲ့ အိမ်ပြန်သွားခဲ့ကြောင်းကို မီဒီယာတချို့မှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မိုင်းမိုင်ဆိုင်းကတော့ ဖြိုးမြတ်အောင်တစ်ယောက် ကျေးဇူးတင်ရမယ့် မြန်မာအိုင်ဒေါလ်ကို အပြစ်ပြောနေတာဟာ ဘဝမေ့သွားတာလားဆိုပြီး ဝေဖန်ခဲ့တာပါ။ မိုင်းမိုင်ဆိုင်းရဲ့ ဝေဖန်မှုနဲ့ ပတ်သက်ပြီး ဖြိုးမြတ်အောင်ရဲ့ fan တွေက စိတ်တိုခဲ့ကြပြီး မိုင်းမိုင်ဆိုင်းကို ဝိုင်းဝန်းပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။ အခုကတော့ သူတို့ ၂ဦး အဆင်ပြေပြေဖြစ်သွားပြီလို့ မိုင်းမိုင်ဆိုင်းက ပို့စ်တင်လိုက်တာပဲဖြစ်ပါတယ်။

Credit : We Love Cele