မနေ့ကတော့ အေးချမ်းလွန်းတဲ့ ဒီဇင်ဘာလလေးထဲက နေ့ထူးနေ့မြတ်တစ်ခုဖြစ်တဲ့ ခရစ္စမတ်နေ့ဖြစ်ပြီး ကမ္ဘာအရပ်ရပ်မှာလည်း ခရစ္စမတ်နေ့အထိမ်းအမှတ်အနေနဲ့ ပျော်ပွဲရွှင်ပွဲတွေပြုလုပ်လေ့ရှိကြပါတယ်။ ဒီလို ခရစ္စမတ်နေ့လေးမှာ ဘားအံ့ရဲ့နာမည်ကြီးချစ်သူမြိုင်ဥယျာဉ်မှာလည်း ခရစ္စမတ်ရှိုးပွဲကို နာမည်ကြီးအဆိုတော်ပေါင်းများစွာနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ Snare၊ G-fatt၊ ဟဲလေး၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ Amera Hpone နဲ့ထိုင်းအဆိုတော်တို့ ပါဝင်ဖျော်ခဲ့ကြတဲ့ ဒီရှိုးပွဲကြီးမှာ ပရိသတ်တွေအများကြီးလာရောက်အားပေးခဲ့ကြတဲ့အတွက် စိုင်းစိုင်းခမ်းလှိုင်နဲ့ ဖြူဖြူကျော်သိန်းတို့ကတော့ အံ့အားသင့်စွာနဲ့သူတို့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ မျှဝေခဲ့တာပါ။ စိုင်းစိုင်းကတော့ “မနေ့ညက ဘားအံမြေမှာ လူပင်လယ်ကြီးနဲ့ တက်ရောက်တဲ့ပရိသတ်အင်အား ၅၀၀၀၀ လောက်ရှိမလား… အဲထက်တောင်ကျော်မယ်ထင်တယ် ပျော်ဖို့ကောင်းသလားမမေးပါနဲ့ ဆွေမျိုးမေ့အောင်ပျော်ဖို့ကောင်း” ဆိုပြီးသူ့ရဲ့ အပျော်တွေကိုမျှဝေခဲ့တာပါ။

ဖြူဖြူကျော်သိန်းကတော့ “ဖြူဖြူ့အတွက် ၂၀၁၉ ခရစ္စမတ်လက်ဆောင်တဲ့… ဘားအံချစ်သူမြိုင်မှာပရိသတ်သောင်းချီလာအားပေးတဲ့ရှိုးပွဲကြီးကစောင့်နေခဲ့တယ်… ဒီညလာအားပေးကြတဲ့ချစ်ပရိသတ်တစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်..သီချင်းတိုင်းကိုမမောနိုင်မပန်းနိုင်ခုန်ပေါက်ကပြီးလိုက်ဆိုကြတဲ့အပြင်…ဘားအံမှာတစ်ခါမှမဆိုပြဖူးသေးတဲ့သီချင်းသစ်ကိုဆိုပြတော့လည်းဖုန်းမီးလေးတွေထွန်းပြီးအားပေးကြလို့သိပ်သိပ်ပျော်တယ်” ဆိုပြီး သူ့ရဲ့ ခရစ္စမတ်လက်ဆောင်တစ်ခုအနေနဲ့ မှတ်ယူကာ အပျော်တွေကိုမျှဝေပေးခဲ့တာပါ။ ပရိသတ်ကြီးရေ… ဘားအံ့က ပရိသတ်ရဲ့အင်အားက ဘယ်လောက်တောင်ရှိနေခဲ့လို့ နာမည်ကြီးတွေကို အံ့အားသင့်စေခဲ့သလဲမသိဘူးနော်။

Zawgyi

Source – Sai Sai Kham Leng, Phyuphyukyawthein