ပရိသတ်တွေအကြိုက်တွေ့စေမယ့် ရုပ်ရှင်ဇာတ်ကားသစ်တွေဟာ တစ်ကားပြီးတစ်ကားထွက်ရှိနေသလို (၂၀၂၀)ရဲ့နှစ်အစမှာလည်း ပရိသတ်တွေကိုဖမ်းစားမယ့် ဇာတ်ကားတစ်ခုကိုကြည့်ရှုခွင့်ရမှာပါ။အဲ့ဒီဇာတ်ကားကတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီး စာရေးဆရာမဂျူးရဲ့နာမည်ကြီးဝတ္ထုတွေထဲကတစ်ခုဖြစ်တဲ့ မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက် ပါ။

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာမီးပွားကရိုက်ကူးထားတာပါ။ဆရာမဂျူးရဲ့ပရိသတ်တွေကလည်း ဒီဇာတ်ကားကိုအကောင်းဆုံးပုံပေါ်လာဖို့ကိုလည်းမျှော်လင့်နေကြတာပါ။အခုဆိုရင် ဒီဇာတ်ကားရဲ့ Official Trailer လေးကတော့ထွက်ရှိလာခဲ့ပါပြီ။ဒီဇာတ်ကားမှာတော့ ပိုင်ဖြိုးသု၊ဒေါင်း နဲ့ စိုင်းစည်တွမ်ခမ်းတို့ပါဝင်ထားပါတယ်။


ဝတ္ထုထဲကဇာတ်ကောင်တွေဟာ ဒီဇာတ်ကားမှာတော့ သက်နှင်းအိမ်ကပိုင်ဖြိုးသု၊ယုမော်အဖြစ်နဲ့ဒေါင်းဖြစ်ခဲ့ပြီး ဒေါက်တာအောင်ခန့်အနေနဲ့တော့ စိုင်းစည်တွမ်ခမ်း ကိုတွေ့ရမှာပါ။ယုမော်နဲ့သက်နှင်းအိမ်တို့ရဲ့ ခပ်ကြမ်းကြမ်းသရုပ်ဆောင်ချက်တွေကတော့ Trailer မှာတင် ပရိသတ်တွေရင်ထဲထိရှစေခဲ့ပါပြီ။ Official Trailer ထွက်ရှိတဲ့အချိန်မှာ လူပြောများနေတာလည်းဖြစ်ပါတယ်။ ထိမိတဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ ပိုင်ဖြိုးသု၊ဒေါင်းနဲ့စိုင်းစည်တွမ်ခမ်းတို့ပါဝင်မယ့် ရုပ်ရှင်ဇာတ်ကားအသစ်ကို ရင်ခုန်နေကြပြီမဟုတ်လား…

Source: မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်ရုပ်ရှင်ဇာတ်ကားကြီး