ကြည်နူးစရာပုံရိပ်လေးတွေနဲ့ လိုက်ဖက်ညီလွန်းလှတဲ့ နေနေ Couple

နေနေ couple လို့ ပရိတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မင်းသားချောလေး ကျော်ထက်ဇော်နဲ့ မင်းသမီးချောလေး ဆောင်ဝတ်ရည်မေတို့ကတော့ တကယ့်ကို လိုက်ဖက်ညီလွန်းလှတဲ့ ပရိသတ်အချစ်တော် စုံတွဲလေးပါပဲ..
“အမုန်းမှသည်” ဇာတ်ကားမှာ စိုင်းနေရောင်နဲ့ နေချိုသွေးအဖြစ် ပါဝင်သရုပ်ဆောင်ထားကြပြီး အတွဲညီညီနဲ့ လိုက်ညီလွန်းတဲ့ သူတို့ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ဇာတ်ကားလေးက ပရိသတ်တွေကို အကြိုက်တွေ့ခဲ့ပါတယ်..။
သူတို့ရဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်လေးတွေကို ပရိသတ်တွေကို အမြဲ မျှဝေလေ့ရှိတဲ့ နေနေ စုံတွဲလေးကတော့ အခုတစ်ခေါက်မှာလည်း My Journey Magazine အတွက် ကြော်ငြာရိုက်ကူးပေးထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။
ပြန်လည်မျှဝေပေးလိုက်တဲ့ ပုံရိပ်လေးတွေကလည်း တကယ့်ကို ရိုမန့်တစ်ဆန်ဆန်နဲ့ အားကျကြည်နူးပျော်ရွှင်စရာ ပုံရိပ်လေးတွေပါပဲ ပရိသတ်ကြီးရေ..
လိုက်ဖက်ညီလွန်းတဲ့ နေနေ စုံတွဲလေးကတော့ “အမုန်းမှသည်” ဇာတ်ကား ပြသပြီးခဲ့ပေမယ့်လည်း အနုပညာအလုပ်တွေကို ဆက်လက်ပြီး တွဲဖက်လုပ်ဆောင်နေကြတဲ့အတွက် ပရိသတ်တွေကလည်း သဘောကျနှစ်သက်နေကြတာလည်း တွေ့ရပါတယ်..။
အခုတစ်ခေါက်မှာတော့ ရိုမန့်တစ်ဆန်ဆန်နဲ့ လိုက်ဖက်ညီလွန်းလှတဲ့ နေနေစုံတွဲလေးရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..
Source : ဆောင်းဝတ်ရည်မေ fb