ပရိသတ်တွေကို စိုးရိမ်မှု၊ ပျော်ရွှင်မှု၊ စိတ်မကျေနပ်မှုစတဲ့အမျိုးမျိုးသောရသတွေကိုပေးခဲ့တဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကတော့ Grand Final အဆင့်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ ဘင်ဂျမင်ဆုမ်း၊ အေးမြဖြူနဲ့ အက်စတာတို့သာကျန်ရှိပါတော့တယ်။ နောက်ဆုံးအဆင့်ပြိုင်ပွဲကြီးကိုတော့ မနက်ဖြန်မှာကျင်းပတော့မှာဖြစ်ပြီး ပရိသတ်တွေရင်အခုန်ရဆုံးအချိန်ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

 

 

ဆန်ကာတင်(၁၁)ယောက်စာရင်းဝင် ပြိုင်ပွဲဝင်တွေကတော့ နောက်ဆုံးအပတ်ဖျော်ဖြေမှုအနေနဲ့ မောင်နှမတွေအကုန်သီဆိုဖျော်ဖြေကြမှာဖြစ်တာကြောင့် အကုန်လုံးပြန်လည်ရောက်ရှိနေကြတာပါ။ ဒီတစ်ပတ်ပြီးရင် ခွဲခွာကြရတော့မှာမို့ ချစ်ချစ်ခင်ခင်နဲ့မုန့်လုပ်စား၊ ဆော့ကစားရင်းပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းနေရင်းအချင်းချင်းဆေးထိုးကြတဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက်တင်ပေးခဲ့တာပါ။ နေလင်းကျော်ကစပြီးတော့ “ပြိုင်ပွဲပြီးဆုံးရန်တစ်ရက်အလို…..နောက်ဆို ကျွန်တော့်မောင်နှမတွေရဲ့ ဒီလိုပုံလေးတွေ မြင်ရဖို့မလွယ်တော့လို့ Sleeping Beauty လေးများရဲ့စုစည်းမှုအမှတ်တရလေးများ” ဆိုပြီးတော့ တခြားမောင်နှမတွေအိပ်နေတဲ့ပုံလေးတွေကို တင်ပေးခဲ့တာဖြစ်ပြီး သူ့ပို့စ်ရဲ့အောက်မှာတော့ အခြားပြိုင်ပွဲဝင်တွေကပါ ပြန်လည်ဆေးထိုးပြီး အချင်းချင်းစနောက်နေခဲ့ကြတာပါ။

 

မနက်ဖြန်မှာတော့ Grand Final Show ကြီးကရောက်လာတော့မှာဖြစ်ပြီး ကိုယ်ရစေချင်တဲ့ပြိုင်ပွဲဝင်တွေမရခဲ့ရင် မကျေနပ်ချက်ဒေါသတွေ ဖြစ်လာကြဦးမှာအမှန်ဆိုပေမယ့် တကယ့်ကာယကံရှင်(၁၁)ယောက်စလုံးကတော့ မောင်နှမအရင်းတွေလိုချစ်ခင်ပျော်ရွှင်စွာနေထိုင်နေကြတာမို့ ပရိသတ်ကြီးလည်း ကိုယ်မျှော်လင့်သလိုဖြစ်မလာခဲ့ရင်တောင် အိုင်ဒေါမောင်နှမတွေအတိုင်းပဲ ပရိသတ်အချင်းချင်းလည်း ချစ်ခင်နိုင်ပါစေလို့ ဆန္ဒပြုရင်း အချင်းချင်းဆေးထိုးထားတဲ့သူတို့ရဲ့ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


Source – Nay Lin Kyaw